Lirik Lagu The Journey May

Gabung member, untuk simpan koleksi lirik lagu favorit anda Disini

အိပ်မက်ကနိုးသွားခဲ့ Memory အရှုပ်အထွေးများစွာနဲ့
ခေါင်းထဲက လွှင့်ပစ်လိုက်ချင်တယ်
ငါနာကျင်နေချိန်အနားကလမ်းပြသူရယ်၊ နှောင့်ယှက်သူတွေကြားမှာ
နှလုံးသားလေး နွမ်းလျခဲ့ တစ်ယောက်တည်း

ဟူး အားပေးသံများ၊ ကဲ့ရဲ့သူတွေကြားမှာ
ဟူး ငါ့အတွက် တစ်နေရာ ခိုနားခွင့်ရှိမလား?

မျှော်လင့်ချက်အပြည့်နဲ့
ငါလျှောက်လှမ်းဆဲ ဒီခရီးရှည်ထဲ
ဒဏ်ရာများနဲ့ခရီးသည် ဆူးများထဲ
မယိုင်လဲတဲ့စိတ်နဲ့ ငါရှေ့ဆက်နေမယ်
အရှုံးမပေးတဲ့ ငါ့ကိုယ်ငါ ကျေးဇူးတင်တယ်

တောင်တန်းများ ခြားနားထားလည်း
လွင်ပြင်ချိုင့်ဝှမ်းများ ကျော်ဖြတ်ခဲ့
မမောမပန်းဘဲ ခရီးဆက်မယ် တစ်ယောက်တည်း
တစ်ခါတစ်လေမှာ နောက်ကျောက
ထိုးနှက်သူရယ်၊ တွန်းပို့သူတွေ ကြားမှာ
ကွဲအက်တဲ့နှလုံးသားနဲ့
ငါ့ရဲ့အနားမှာ ငါပဲရှိတယ်

မျှော်လင့်ချက်အပြည့်နဲ့
ငါလျှောက်လှမ်းဆဲ ဒီခရီးရှည်ထဲ
ဒဏ်ရာများနဲ့ ခရီးသည် ဆူးများထဲ
မယိုင်လဲတဲ့စိတ်နဲ့ ငါရှေ့ဆက်နေမယ်
အရှုံးမပေးတဲ့ ငါ့ကိုယ်ငါ ကျေးဇူးတင်တယ်

(Ho-ho-wo-hoo-wo)
အဆုံးမဲ့ ဒီကမ္ဘာကြီးထဲ
(Ho-ho-wo-hoo-wo)
အမုန်းများ ငါချန်ရစ်ခဲ့
(Ho-ho-wo-hoo-wo)
အလင်းများရှိရာကို ရှေ့ဆက်နေမယ်
ငါ တစ်ယောက်တည်း

မျှော်လင့်ချက်အပြည့်နဲ့
ငါ လျှောက်လှမ်း ဆဲ
ဒဏ်ရာများနဲ့ ခရီးသည် ဆူးများစွာထဲ

(Ho-wo-woo-ho-ho)
မျှော်လင့်ချက်အပြည့်နဲ့
(Ho-wo-woo-ho-ho)
ငါလျှောက်လှမ်းဆဲ ခရီးရှည်ထဲ
ဒဏ်ရာများနဲ့ခရီးသည် ဆူးများထဲ (ဆူးများထဲ)
မယိုင်လဲတဲ့စိတ်နဲ့ (စိတ်နဲ့) ငါရှေ့ဆက်နေမယ်
အရှုံးမပေးတဲ့ ငါ့ကိုယ်ငါ ကျေးဇူးတင်တယ်

(Ho-ho-wo-hoo-wo)
(Ho-ho-wo-hoo-wo)
 

 
  May   Reposted by Admin  91x     2024-12-23 11:46:42

post a comment