Lirik Lagu Nga Yeezar Ka Po Mite Tal (feat. Nay Win, Phyo Layy, John Zayya, Bunny Phyoe, Ki Ki Kyaw Zaw & G Fatt) Sai Sai Kham Leng
Welcome To Frenzo
Uh Huh Yeah SAI
ငါ့ရည်းစားလေးအသက်က မင်းထက်ငယ်တယ်
အသိညာဏ်နဲ့ဗဟုသုတ မင်းထက်ကြွယ်တယ်
တာဝတိံသာနတ်သမီးလေး နတ်သက်ကြွေခဲ့
မြေပြင်ပေါ်က SAl နဲ့ ပတ်သတ်နေတယ်
ဒါ Physics သိပ္ပံသဘောတရားတွေပဲ
အင်ဂျင်နီယာမလေး မင်းက ချောလှနေခဲ့
အရည်အချင်းက အားလုံးရှေ့မှာ ဦးဆောင်ထားတုန်းပဲ
ပြေတီဦးလို ပြောလိုက်ရင် ရူးတောင်သွားဦးမယ်
ကျွန်တော့်ရည်းစားလေးအကြောင်း အားလုံးသိအောင်ပြောပြမယ်
ကမ္ဘာမြေလောကကြီးရဲ့အလှအပ သူသဘောကျတယ်
အဖြူထည်လေးပေါ့ သူ့ရဲ့စိတ်ဓာတ်က အလှစစ်
ပရိသတ်တွေတအားချစ်တဲ့ Makeup Artist
ပန်းချီကားတစ်ချပ်လို သူငါ့ဘဝကို ဆေးခြယ်
အကြင်နာအပြည့်နဲ့ နှိုင်းယှဉ်စရာမတွေ့ခဲ့
တခြား Shorty တွေအကုန် သတ်သေကုန်ပြီသူ့ကြောင့်
ဆီနဲ့ရေလိုကွာတယ် ကျန်တဲ့ ဣိတ္ထိယတွေဒူးထောက်
မိန်းမလှတွေများတဲ့ လောကကြီးရဲ့ထဲ
အားလုံးထဲကမင်းက ဘုရင်မဖြစ်နေတယ်
မင်းလေးတစ်ယောက်ကလွဲရင် အကုန် ဖွဲနဲ့ဆန်ကွဲပါပဲ
အားလုံးမင်းနဲ့နှိုင်းယှဉ်ရင် ကျရှုံးသွားနိုင်တယ်
စိန်ခေါ်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် အေးဆေးပဲ
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်
တစ်ချက်လောက်ငါ့ဆော်ရဲ့အနေအထားကိုရှိုး
ခေါင်းကနေခြေဖျားထိ ကြွေသွားမယ် ဟိုး
ဒေါင်းတွေလို ကြီးလာလေ ပိုလှတဲ့အမျိုး
အမျိုးသားထုကြီး ဝန်းရံနေကြတယ်ဗျို့
Oh No ကြည့်လိုက်ဦးအရှင်းကြီး
လာမယှဉ်နဲ့ လုံးဝကို စာရင်းမရှိ
Branded တွေတကိုယ်လုံးဝတ်ပြီးဗျင်းသည့်
အထာကျကျ Rapper တစ်ယောက်ရဲ့ ရွှေမင်းသမီး
ဦးနေဝင်းရဲ့အသည်းလေးကတော့ တစ်ယောက်ပဲရှိတယ်
စိတ်လှတယ် ခရီးသွား Blogger လေး Yeah Yeah
သူ့ရဲ့အချစ်က လွတ်လပ်ပြီးတော့ ဟန်ဆောင်မှုတွေကင်းတာမို့ ကျုပ်ကပျော်တာဟေ့ Oh Yeah
နေဖက်ကို လှည့်ပွင့်တဲ့ နေကြာပန်းလေး
ရောဂါတွေထပ်တိုးအောင် ကုဋေကုဋာအနမ်းပေး
မင်းနဲ့တွဲပြီးလျှောက်ပစ်လိုက်မယ် မြေကမ္ဘာလမ်းတွေ
တခြားဆော်တွေ မိုက်တယ် မလဲဘူး ကြွေတာအရမ်းဟေ့ အသည်းလေး
မိန်းမလှတွေများတဲ့ လောကကြီးရဲ့ထဲ
အားလုံးထဲကမင်းက ဘုရင်မဖြစ်နေတယ်
မင်းလေးတစ်ယောက်ကလွဲရင် အကုန် ဖွဲနဲ့ဆန်ကွဲပါပဲ
အားလုံးမင်းနဲ့နှိုင်းယှဉ်ရင် ကျရှုံးသွားနိုင်တယ်
စိန်ခေါ်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် လက်ခံလိုက်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် That′s Right
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် လက်ခံလိုက်
ကျွန်တော့်ရဲ့ချစ်သူစာရင်းကိုင်လေး သိပ်တိကျတယ်ဟေ့
ရိုးရိုးသားသား အချစ်တွေရင်မှာ တစ်ရာရာခိုင်နှုန်းအပြည့်
ရူးသွပ်သွားအောင်ခိုင်းစေတဲ့ ကိုယ်ရဲ့အိပ်မက်လေး
Aphrodite ကိုမြင်လိုက်သလို ရင်ထဲမှာငါလှိုက်ဖို
အရူးမီးဝိုင်းပြီဟေ့
ကိုကြီးတို့ဆော်တွေအကြောင်းကြားတာ အသေအကြေဘူပိတ်တယ်
ကျွန်တော့်မမအကြောင်းပြောပြရင် မေမေဆူလိမ့်မယ်
သာမာန်မိန်းမလှတွေနဲ့ ဘယ်အခြေအနေတူလိမ့်မလဲ
ကိုးရီးယားနဲ့ဂျပန်ကို ဒလေစေ သူလိမ့်တယ်
ဟိုကမင်းသမီးတွေနဲ့တောင်မှားနေရ
အသားအရည်လှချက်က တွေ့တဲ့လူတိုင်း ဘုရားတွေတ
စိတ်ထားဖြူစင်ပြီး သဒ္ဒါတရားကအပြည့်
ကျနော်ရူးခါအောင်ချစ်တဲ့ ကပြားမလေး
နေပါကွာ No No No မင်းတို့ကအဖိုးအခများတယ်
တော်ပါကွာ ဒိုးဒိုးဒိုး တဖြည်းဖြည်းနဲ့ ဒုက္ခများမယ်
ဒီမှာငါ့ရည်းစားလေးက အသည်းထဲအေးတဲ့ ဆရာဝန်လေးပေါ့ကွယ်
ရင်ခုန်တယ် နှလုံးသားလေးရဲ့ ကုသရေးအတွက်
တာဝန်ပေးတော့မယ် Yeah
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ဟားဟားဟား
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်
မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်
ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်
Sumber & Catatan Lirik
Lirik lagu ini disusun berdasarkan sumber yang tersedia di internet untuk tujuan referensi dan edukasi. Jika kamu ingin mengetahui info lebih lanjut tentang pencipta ataupun penyanyinya, silakan klik tautan di bawah ini:
Tautan di atas akan membuka hasil pencarian Google tentang pencipta dan penyanyi dari lagu ini.
post a comment