Lirik Lagu Goodbye Sai Sai Kham Leng
အသံတွေဆွံ့အ အာခေါင်ထဲကသွေ့ခြောက်နေခဲ့
ငါသာတန်ခိုးရှိရင် အခုဘ၀မှာတောင်းဆုတစ်ခုတည်းအခွင့်အရေးတစ်ခုကိုနောက်ထပ်ရချင်တယ်
ငါလက်ပြလို့နှုတ်ဆက်ရင်း ရင်မှာဆို့လာခဲ့
ကြိုးစားထိန်းထားလည်း ယောက်ျားတန်မဲ့မျက်ရည်စို့ပါတယ်
မျက်နှာချင်းဆိုင်ရခက်လို့ မျက်နာလွှဲပေမဲ့
နံရံကြမ်းပြင်နဲ့ မျက်နှာကျက်မှာ နင့်မျက်၀န်းတွေပဲ
မသွားနဲ့ နင်မသွားပါနဲ့ ငါကိုမထားခဲ့ပါနဲ့
ဒီစကားတွေကြားရဲ့သားနဲ့ ဘာကြောင့်မို့ နင်ထားခဲ့တာလဲ
ငါနားလည်ပါတယ် ဒါကနင့်ရဲ့အခြေအနေပေါ့
ငါ့ဖက်ကတော့ အသည်းတွေကြွေလည်း နေပါစေတော့
Please, Please ငါအောက်ကျို့ပြီးတော့တောင်းပန်တယ်
ဆိုးရွားလွန်းတဲ့ အတိတ်ဘ၀ရဲ့အကြောင်းကံရယ်
အခုအရွယ်အထိ အချစ်တွက်ဆိုအကျိုးနည်းနေဆဲ
လေယာဥ်ပျံကြီး ထွက်ခွာသွားတယ် မိုးထဲလေထဲ
ဖြူဖြူစင်စင်ကောင်မလေးကို
တကယ်ကြင်ကြင်နာနာချစ်ခဲ့လည်း
ဘာမှရေရေရာရာမတွဲရသေးခင်
မြန်မြန်ဆန်ဆန်လမ်းခွဲပြီ
ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်
ကျွန်တော် ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ်
အခုတော့နာနာကျင်ကျင်နှုတ်ဆက်ရပြီ ဟေး
တာ့တာ...
နင်ပြေးလို့ထွက်သွားပြီးငါဆွေးလို့ကျန်ခဲ့
ပိုးသားလေကြောင်းနဲ့ နင်အဝေးသို့ပျံခဲ့
ရေမြေခြားခဲ့ပြီ ဘ၀တွေကခြားခဲ့ပြီပဲ
အခြေနေကွာခြာခဲ့ပြီ ကမ္ဘာခြားခဲ့
နင်မဖတ်ဖြစ်တဲ့ ငါ့ Email တွေလည်းတစ်နေ့ကိုအစောင်တစ်ရာမက
အဘိုးကြီးဖြစ်တဲ့အချိန်တွေထိငါငေါင်မှာလား ခက်တယ်
ဖုန်းတွေဆက်ပါတယ် On Line ပေါ်မှာတက်ရှာတယ်
စိန်ရွှေငွေစည်းစိမ်တွေထက် နင့်ကိုပိုပြီးမက်ပါတယ်
အသွင်မတူတဲ့လူတွေထဲ ဘယ်သူ့လက်ကိုမင်းတွဲမလဲ
မင်းပေါင်းတဲ့ကောင်တွေထက် ငါကအရာရာဆင်းရဲတယ်
ဗလာနဲ့သုညပဲ မခုန်ချတာမမှားဘူးပေါ့
လက်ထက်ဖို့မျှော်လင့်ချက်တွေအဖျားရှူးရော
သွားပြီ မိုင်ပေါင်းများစွာ ကုဋေကုဋာကို
ပြန်ဆုံဖို့လမ်းစက မရေမရာမို့
ဒီရင်ကဝေဒနာမျိုး သိပ်ဆိုးလို့ခြေမှိုင်လက်မှိုင်
ဒီဘ၀တော့ဒီမျှပဲပေါ့ Baby Bye Bye
ဖြူဖြူစင်စင်ကောင်မလေးကို
တကယ်ကြင်ကြင်နာနာချစ်ခဲ့လည်း
ဘာမှရေရေရာရာမတွဲရသေးခင်
မြန်မြန်ဆန်ဆန်လမ်းခွဲပြီ
ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်
ကျွန်တော် ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ်
အခုတော့နာနာကျင်ကျင်နှုတ်ဆက်ရပြီ ဟေး
တာ့တာ...
ဖြူဖြူစင်စင်ကောင်မလေးကို
တကယ်ကြင်ကြင်နာနာချစ်ခဲ့လည်း
ဘာမှရေရေရာရာမတွဲရသေးခင်
မြန်မြန်ဆန်ဆန်လမ်းခွဲပြီ
ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်
ကျွန်တော် ယုံယုံကြည်ကြည်ချစ်ခဲ့ဖူးတယ်
အခုတော့နာနာကျင်ကျင်နှုတ်ဆက်ရပြီ ဟေး
တာ့တာ...
Sumber & Catatan Lirik
Lirik lagu ini disusun berdasarkan sumber yang tersedia di internet untuk tujuan referensi dan edukasi. Jika kamu ingin mengetahui info lebih lanjut tentang pencipta ataupun penyanyinya, silakan klik tautan di bawah ini:
Tautan di atas akan membuka hasil pencarian Google tentang pencipta dan penyanyi dari lagu ini.
post a comment